ဇီးကုန်း ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် နေကြာစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ သည်။
အခမ်းအနားတွင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှမိုးက တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးရခြင်းနှင့် အကျိုးရှိစာအသုံးပြုနိုင်ရေး နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာအိတ်များ ကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရောင်းချပေးအပ်ခဲ့ ကြောင်း သိရသည်။ ဇီးကုန်းမြို့နယ်တွင် နေကြာစိုက်ဧက(၂၅၃)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)