ညောင်တုန်းမြို့ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီးအဝင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်

ညောင်တုန်း     ဇန်နဝါရီ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီးအဝင် သန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ‌ကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ စုပေါင်းသန့်ရှင်ရေးဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ လမ်းဦးစီးဌာန၊ လမ်းအထူး အဖွဲ့ (၂၁)မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုများပူးပေါင်း၍ ညောင်တုန်းမြို့ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီးအဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်၊ အရွှဲ-ပန်တိုင် ယာဉ်စစ်ဆေး ရေးဂိတ် လမ်းဘေး ဝဲ၊ ယာများရှိ အမှိုက်များကို စုပေါင်းရှင်းလင်းကြပြီး  သန်ရှင်းသာယာလှပရေးအတွက် နှစ်ရှည်ခံ ပန်းပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)