စေတုတ္တရာမြို့နယ် မကြီးစုကျေးရွာ ရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

စေတုတ္တရာ ဇန်နဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ် ၊ မကြီးစု ကျေးရွာ ၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံး မှ အသက် ၁၀ နှစ်ပြည့် နှင့် အသက် ၁၈ နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများကို မကြီးစု ကျေးရွာ မူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးမင်းနိုင်ထွန်းက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  လက်ကမ်းစာစောင်များကို ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ အား ဖြန့်ဝေပေး ခဲ့ပြီး ယင်းလက်ကမ်းစာစောင်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်သူများမှ သတိပြု လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ အိမ် ထောင်စုစာရင်းများ ပြုလုပ်ရာ၌ လိုအပ်သည့်အချက်များ ပါရှိကြောင်းသိရသည်။

ယင်းနောက် စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးမင်းနိုင်ထွန်းနှင့် လ/ထ လဝကမှူး ဦးရဲမင်းထွန်းတို့က မကြီးစုကျေးရွာ မူလတန်းလွန်ကျောင်း၌  အသက် ၁၀ နှစ်ပြည့်သူ ကျား ၁၃ ဦး၊ မ ၁၄ ဦး ၊ အသက် ၁၈ နှစ်ပြည့် မ ၁ ဦး စုစုပေါင်း ၂၈ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ် ကိုင်ဆောင်ထားရှိနိုင်ရေး အထောက်အထားများစိစစ်ကာ ပန်းခင်းစီမံချက်ဖြင့်နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်ဇော်အောင်(ပြန်/ဆက်)