ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာ၊ အပိုင်း ၄ တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာ‌နေ ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ဇန်နဝါရီလ ၁၃ ရက်နေ့က ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာ၊ အပိုင်း (၄)သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ပုံပါကျင်မြို့‌ ရှေ့တန်းရုံးတာဝန်ခံ လဝကမှူး ဦးမြင့်မိုးနှင့် ဝန်ထမ်းများက  နားကောင်းမူးကျေးရွာ၊ အပိုင်း (၄) အတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာနေ ပြည်သူ  (၄၁)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး‌နိုင်ရေး အတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ် အရောက်ရရှိ‌စေရေး ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိ‌နေသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)