ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် တောပြားဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

ငါ့သရောက် ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ တောပြားကျေးရွာတွင် တောပြားဆည်ရေဖြင့် ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ နေကြာ အစရှိသည့် စိုက်ပျိုးသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ တောပြားဆည်ရေဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နေကြာခင်းများ အထူး ကောင်းမွန်လျက်ရှိကြောင်းနှင့် ၎င်းနေကြာများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ကြပြီး၊ ယခုအခါ အဖူးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။“ကျွန်တော့် နေကြာခင်းက ပီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ် က စိုက်ခဲ့တာပါ…စိုက်ဧက ကတော့ (၁.၅)ဧကပဲ ရှိတာပါ နေကြာ မျိုး(၆)ပြည်  ကြဲခဲ့တာပေါ့… ဒီပုံအတိုင်းဆိုရင် အနည်းဆုံး နေကြာ တင်း(၅၀)နဲ့ (၆၀)ကြားလောက်ထွက်မယ်မှန်းတာပဲဗျ…” ဟု  တောပြား ကျေးရွာမှ နေကြာစိုက်တောင်သူ ဦးဘိုဝင်းက ပြောပါသည်။

ဖြိုးဝေ(ပြန်/ဆက်)