အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများ ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ဘုတ်ပြင်း မြို့နယ် ခဲမိုင်းကျေးရွာတွင် ယနေ့ညနေက အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာ ခဲ့ကြောင်း သိရသည်။
Aug 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အုန်းပင်စုရပ်ကွက်၊ အ.ထ.က(၁) ယုဇနခန်းမတွင် တွံတေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ဆရာကြီး ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 07,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေး ကော်မတီသို့ ကျန်းမာရေးအသုံး အဆောင်ပစ္စည်း၊ ဆေးနှင့်စားသောက် ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်သပြေခန်းမ၌ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း (သီဟသူရညိုအေး)ခန်းမတွင် သြဂုတ်(၂)ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့ရာ ပဉ္စမမြောက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၁၁၀၄)ဦးအထိရှိပြီး ဆဋ္ဌမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက ထိုးရန်ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Aug 07,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဆွမ်းကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိ စာသင်တိုက်၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ပဲ၊ ဆီများ ဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
Aug 07,2021
လွိုင်လင်မြို့ အထွေထွေရောဂါ ကုဆေးရုံးကြီး၌ ယမန်နေ့ နံနက်ပိုင်းက ယခင်ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်မှုရှိသည့်(၆၀)ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၁၀)ဦး တွေ့ရှိရကြောင်း သိရသည်။
Aug 07,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက် အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် မိဘပြည်သူများမှ ပူးပေါင်း ပါ၀င်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ မြို့နယ်တွင်းရပ်ကွက်များ၌ ပြည်သူများ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို ယနေ့နံနက် ၇ နာရီအချိန်က အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
Aug 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး နှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်း ကို ယမန်နေ့က ဆောင်ရွက်လျက် ရှိသည်။