ညောင်ဦး ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ညောင်ဦးမြို့၊ တုရင်တောင်တန်းကျေးရွာများနှင့် ငါ့သရောက်မြို့ ပုပ္ပားတောစပ်ကျေးရွာများ၊ ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီပေါ်သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်၊ အဖူး ရှာဖွေခူးဆွတ် လုပ်ကိုင်ရောင်းချ လုပ်ကိုင်စားသောက်နေ သည့် ကျေးလက်နေပြည်သူများ တမာဖူး၊ တမာရွက် စတင်ပေါ်ချိန်ခူးဆွတ်ရောင်းချဖြင့် မိသားစုစားဝတ်နေရေး တဖက်တလမ်းမှ ဝင်ငွေရှာဖွေပေးနေကြ ကြောင်း တမာဖူး ခူးယူရောင်းချနေသူများထံက သိရသည်။
ညောင်ဦးမြို့နယ် တုရင်တောင်တန်းပတ်ဝန်းကျင်ကျေးရွာများ၊ ငါ့သရောက်မြို့ ပုပ္ပားတောစပ် ကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်အသီး၊ခူးဆွတ်ရောင်းချနေသူများ ယခုပေါ်နေသည့် တမာရွက်နု၊ တမာဖူး ခူးယူ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း လက်ပံအိုင့်ကျေးရွာ ဦးမောင်ဆန်းထံကသိရသည်။ ပုပ္ပားတောင်ကျေးရွာပတ်ဝန်းကျင်ကျေးရွာများ ဖြစ် သည့် ရွာသစ်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာနှင့် လျှော်တော၊ နတ်ကန်လည်၊ ဆင်ဆင်း၊ ဆုံကုန်းကျေးရွာများသည် ဘိုးစဉ် ဘောင်ဆက် ပုပ္ပားတောင်မကြီးကိုအမီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော်ဆွတ်ခူးရောင်ချနေသည့် ကျေးရွာများဖြစ်ကြရာ စားမှို အမျိုးမျိုးပေါ်ချိန်၊ မျှစ်ပေါ်ချိန်၊ သမုန်းဖူးပေါ်ချိန်၊ သစ်ယုန်ဖု၊ မျောက်ဥ၊ ကဒူဥ၊ နာနတ်ဥ၊ သမျှားဥ၊ တပင်တိုင်မြနန်းဥ၊ အရိပ်မထွက်(သိကြားစက်)ပင်၊ မာလာဖူး၊ ကတွတ်သီး၊ ညောင်ချဉ်ရွက်၊ ရေကတုံးရွက်၊တောပိန္နဲသီးများနှင့် တမာဖူး၊တမာရွက်စသည့် ရာသီပေါ် တောထွက် သစ်ဖုသစ်ဥများကို ရှာဖွေရောင်းချလုပ်ကိုင် ရောင်းချ နေသည့် ကျေးရွာများ ဖြစ်ကြကြောင်း သိရသည်။
ခေတ်ကာလရွေ့လျားလာပြီး ဒေသခံများ ပြည်ပထွက်အလုပ်လုပ်ကိုင်ကြခြင်းနှင့် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်း လုပ်ကိုင်လာခဲ့ကြရာ ရာသီ ပေါ်သီးနှံ ထွက်ခူးသည့် အလေ့အကျင့် နည်းပါးလာခဲ့ကြောင်း၊ ရာသီပေါ်သီးနှံ ဆွတ်ခူးရောင်းချသည့်သူများ နည်းသွားခဲ့ကာ အဆိုပါခူးဆွတ်ရောင်းချသူများ တမာဖူး၊ တမာရွက်ပေါ်ချိန် ဆွတ်ခူး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြကြောင်း သိရသည်။ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများသည် တမာရွက်အား ၊ စားတမာနှင့်ခြံစည်းရိုးအရိပ်ရတမာဟူ၍ နှစ်မျိုးခေါ်ဆိုကြကာ စားတမာပင်သည် အပင်ပင်စည်မကြီးပဲ အရွက်များလည်းမစိပ်ကာ အဖူး၊ အရွက်ကြီးကြပြီး အရွက်ကြွေရင်း အညွန့်အဖူးတခါတည်း ထွက်ရှိကြောင်း၊ ထိုအဖူးအညွန့်များအား ခူးယူကာ ဆီးသီး၊ မန်ကျည်းသီးတို့ဖြင့် မိုးဗြဲဒယ်ဖြင့် ပြုတ်ကာ ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့လည်းကောင်း၊ ပျံကျဈေးသို့သွားရောက်ရောင်းချကြကြောင်း၊ တမာရွက် လက်နှစ် လုံးစာ တစ်စည်း တစ်ရာကျပ်ရောင်းချရကာ တစ်ရက်တောင်ပေါ်တက် ချိုးခူး ဆွတ်လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ဖိုးထိခူးယူရရှိကြောင်းသိရသည်။ခြံစည်းရိုး တမာ ခေါ် အရိပ်ရတမာပင်သည် အရွက်အားလုံးမကြွေပဲ အဖူး၊ အပွင့်လိုက်ကြကာ အလွန်အခါးဓာတ်များပြီး မစားကြကြောင်း အရိပ်အတွက်၊ ခြံစည်းရိုး အတွက် သာ စိုက်ပျိုးကြပြီး အပင်အလွန်ကြီးကြောင်းသိရကာ စားတမာဖူးများ ပေါ်ဦးပေါ်စခူးယူရောင်းချြခင်းဖြင့် မိသားစုဝင်ငွေ ရရှိနေကြကြောင်း ဦးမောင်ပြူးက ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD