မိုင်းဆတ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်အတွင်း ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်း အနားကို ယနေ့နံနက်(၉)နာရီက ဝိန်းနေရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာတည်ဆောက်မည့် မြေနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရို်ငရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာများတွင် ပန္နက်ငုတ်များရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ယခုထပ်မံဆောက်လုပ်မည့် တတိယမြောက် ဝန်ထမ်းအိမ်ရာအဆောက်အဦအား ယခင် အဆောက်အဦ (၂)လုံးနှင့် ပုံစံတူဆောက်လုပ်သွားမည်ဖြစ်ကာ အလျား(၆၁ ဒဿမ ၅)ပေ၊ အနံ (၅၁)ပေ RC အဆောက် အဦအား (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် ပြည်နယ်အစိုးရခွင့်ပြု ရန်ပုံငွေကျပ် (၃၇၀)သန်းဖြင့် သုံးယိင်းဟွား ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)