ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၇ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဆေးရုံရှေ့တစ်လျှေက်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊လဝကဝန်ထမ်းများ၊ကျန်းမာရေး ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆေးရုံဝန်းအတွင်းနှင့် ဆေးရုံရှေ့ တစ်လျှောက်ရှိ ခြုံနွယ်များ၊မြက်များနှင့်အမှိုက်များအား ရှင်းလင်းခြင်းနှင့်မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)