ညောင်တုန်း ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အိုမီခရွန် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးအကြောင်းသိကောင်းစရာTalk Showကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အမာရှိန်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်းဥက္ကဋ္ဌ ဦးစန်းမြင့်တို့က ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးဖြစ်ပေါ်လာပုံနှင့် စတင်ဖြစ်ပွားမှုအကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ထုတ်ပြန်ထားသည့် သတင်းအချက် အလက် ကောင်နှုတ်ချက်များ၊ ရောဂါပိုးကူးစက်ပြန့်ပွားနေသည့် နိုင်ငံများနှင့် အတည်ပြုလူများ၏ အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရောဂါပိုးတွေ့ရှိမှုအခြေအနေနှင့် ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လိုက်နာရမည့်အချက်များ စသည့် ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး အကြောင်းသိကောင်းစရာ အကြောင်းအရာများကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)