နတ်မောက် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်း က နဘူးကွဲကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်လာရောက်ပြုလုပ်သူ ကျား (၅၀)ဦး၊ မ(၃၂)ဦး၊ အသက် (၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်လာရောက်ပြုလုပ်သူ ကျား(၁၀)ဦး၊ မ(၆)ဦး၊ စုစုပေါင်း (၉၈)ဦး အား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့နဘူးကွဲကျေးရွာကို ယခုလိုမြို့နယ်မှ နိုင်ငံသားစိစစ်ရေးကတ်များလာရောက် လုပ်ဆောင် ပေးတဲ့အတွက် အချိန်ကုန်သက်သာလိုမြို့ကိုသွားရောက်လုပ်ဆောင်စရာမလိုသည့်အတွက် ခရီးစရိတ် လည်း ကုန်ကျမှုမရှိတာကြောင့် အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟုကျေးရွာရှိ ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။]\
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာ များသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးမျိုးတင့်ထံက သိရသည်။
သင်းသင်းမြတ်