ဝါးခယ်မမြို့နယ်‌၊ အလမန်းတူးချောင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့ ်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး‌ရေစာရင်း ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ ၁၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၈)နာရီက  အလမန်းတူးချောင်းကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ‌  အလမန်းတူးချောင်းကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၁၂)ဦး၊ အသက်(၁၈)နှစ်ပြည့် (၁၃)ဦး၊ လဲလှယ် (၇)ဦး၊ စုစုပေါင်း (၃၂)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု (၁၅၆)စု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး