အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် စိုက်ပျိုး ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မိုးသီနှံအဖြစ် စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ဆောင်းသီးနှံ မြေတောက်ပဲများကို ဆက်လက်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးအသစ်ပြန်လည်  ဖွဲ့စည်းနိုင်ရေးအတွက် ရွေးချယ်တင်မြှောက်ပွဲကို ဇန်နဝါရီ ၁၄ ရက်   ယမန်နေ့ နေ့လည် ၂ နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2022
 မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းဘူး(စကု)မြို့နယ် လ.ဝ.က ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုကို ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီအချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)မြို့ ပြည်သူ့စာကြည့်တိုက်သို့ ပင်းတယမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးထွန်းထွန်းနိုင်က သုတ/ရသ စာအုပ်များအား ဇန်နဝါရီ (၁၄) ရက်နေ့နေ့လည်က အဆိုပါရုံး၌ လာရောက် လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)မှ တာဝန်ခံအရာရှိမှလက်ခံရယူခဲ့သည်။