ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်‌‌နေမှုကို လူမှုရေးရာဝန်ကြီး ကြည့်ရှုစစ်ဆေး

မင်းဘူး  ဇန်နဝါရီ  ၁၆

 မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းဘူး(စကု)မြို့နယ် လ.ဝ.က ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုကို ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီအချိန်က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုတွင် ဝန်ကြီး ဦးစိုးပိုင်မြင့်က ကျေးရွာသူ၊ ကျေးရွာသားများအနေနဲ့ ယခုလို လ.ဝ.က ဦးစီးဌာနမှ အိမ်တိုင်ယာရောက် ဆောင်ရွက်ပေးနေမှုများကို မိမိတို့အနေနဲ့ အခွင့်အရေးကို အမိအရဆုတ်ကိုင်ကာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထားကြရမှာဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားဖြစ်ခွင့် အပြည့်အဝရရှိနိုင်မည့် အထောက်အထားဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး အနေနဲ့လည်း မရှိမဖြစ်ကိုင် ဆောင်ထားရမည့် ကတ်ဖြစ်ကြောင်း၊ ပြည်သူများ ကုန်ကျစရိတ်သက်သာစေရန်အတွက် နိုင်ငံတော်မှပံ့ပိုး၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကတ်ပြားမရှိသေးသူ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့၏ ရပ်ကျေး ဥက္ကဋ္ဌများထံ အသိပေးအကြောင်း ကြားကာ လ.ဝ.က ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်လိုကြောင်း မြို့နယ်အလိုက် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလို ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများလာရောက် ဆောင်ရွက်လုပ်ကိုင်ကြသည့် ရွာသူ ရွာသားများကို အားပေးစကားပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးမှုတွင် ဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အတူ မင်းဘူးခရိုင်ဒု/ဦးစီးမှူး ဦးမြင့်နိုင်၊ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးသက်၊ လ.ဝ.ကမှူး ဦးဝင်းကြည်ပါ အဖွဲ့ဝင်များမှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူ ၁၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ၁၀ နှစ်ပြည့် ကျား ၅ ဦး၊ မ ၁၂ ဦးနှင့် ၁၈ နှစ်ပြည့် ကျား ၁၇ ဦး၊ မ ၂၂ ဦးဖြစ်၍ စုစုပေါင်း ၅၆ ဦးပြုလုပ် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)