ကျိုက်ထို ဇန်နဝါရီ ၁၆
၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင်(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နှင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ၌ ဆုရကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို အမှတ်(၁) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင်ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် အဆိုပါကျောင်း၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကံ့ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းအောင်နှင့် ကျောင်းအုပ်ဆရာမ ကြီး ဒေါ်စန်းစန်းမွန်တို့က ဆုချီးမြှင့်ပွဲကျင်းပရခြင်းရွယ်ရည်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် အားကစားပြိုင်များနှင့် ကဗျာ၊ပန်းချီ၊ပုံပြော၊ဆေးရောင်ခြယ် ပြိုင်ပွဲအသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ များအားပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ဆရာ/ဆရာမများကဂုဏ်ပြုဆုများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
၀င်းမောင်(ကျိုက်ထို)