ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ တိုက်နယ်ဆေးရုံ( စံကိုက်) ပြီးစီးမှုအခြေအနေနှင့် ဆေးရုံအသစ်လွှဲပြောင်းလက်ခံနိုင်ရေး မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်ကြီး   ဇန်နဝါရီ  ၁၆

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာအုပ်စုရှိ တိုက် နယ်ဆေးရုံ( စံကိုက်) ပြီးစီးမှုအခြေအနေနှင့် ဆေးရုံအသစ်လွှဲပြောင်းလက်ခံနိုင်ရေး မြို့နယ် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 ကျွန်းပင်ဆိပ်ကျေးရွာရှိ ၁၆ ခုတင် တိုက်နယ်ဆေးရုံအား ၂၀၁၇ ခုနှစ် မေလမှ စတင် တည်ဆောက်ခဲ့ပြီး တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆေးရုံလွှဲပြောင်းလက်ခံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့ဝင်များ လိုက်ပါလျက် တိုက်နယ်ဆေးရုံ ပြီးစီးမှုအခြေအနေနှင့် လိုအပ်ချက်များ ပြန်လည်ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 အဆိုပါ တိုက်နယ်ဆေးရုံ အမြန်ဆုံးလွှဲပြောင်းလက်ခံဖွင့်လှစ်နိုင်ပါက ကျွန်းပင်ဆိပ်ကျေးရွာ အုပ်စုအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)