အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2022
၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (Mini Budget) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြို့နယ် အတွင်းရှိ ရပ်ကွက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
Jan 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ပြည်အေးခန်းမ၌ မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သော ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားနည်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည်။
Jan 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ဆောင်ရွက်လျက်ရှိသည့် ကုန်တင်ကားကြီးကွင်း တည်ဆောက်နေမှုကို ၁၄-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ကွင်းဆင်းစစ်ဆေး၍ စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန်ကာလ ပြီးစီးရေးနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
Jan 16,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၌ ဇန်နဝါရီလ ၁၀ ရက်နေ့ မှ ၁၄ ရက်နေ့အထိ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 16,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက် ၉ နာရီ အချိန်က ငပု​တောမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2022
 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုး သူအသင်း (Book Club)တို့မှ စာ‌ရေးဆရာ အောင်သင်းရေးသားထားသည့်  "ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ" စာအုပ်ဖြင့်   စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့‌ရာ ကျောက်မဲ မြို့၊ အထက(ခွဲ)၊ အလက(၃) မှ ကျောင်းသား ကျောင်းသူများ တက်ရောက်လေ့လာ ခဲ့ကြောင်း သိရသည်။