မဘိမ်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် ဒေသနေပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မိုးသီနှံအဖြစ် စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အဖြစ် ဆောင်းသီးနှံ မြေတောက်ပဲများကို ဆက်လက်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် မြို့ပေါ် ၄ ရပ်ကွက်နှင့်ကျေးရွာများ၌ စိုက်ပျိုးရေးဖြင့် အဓိကစီးပွားရေး လုပ်ကိုင် ကြပြီး ဆောင်းသီးနှံများဖြစ်ကြသည့် မြေပဲ၊ ပဲပုတ်၊ ပန်းနှမ်းနှင့် မြေတောက်ပဲစသည့် ဆောင်းသီးနှံ များကို အောက်တိုဘာလတွင် မြေပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပြီး နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ကြဲပက်စိုက်ပျိုးကြရာ ယခုအချိန်တွင် မြေတောက်ပဲစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းပြီး အသီးအပွင့်များ စတင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆောင်သီးနှံတစ်မျိုးဖြစ်သော မြေတောက်ပဲစိုက်ခင်းများကို တစ်ဧကလျှင် ပဲမျိုး ၄ တင်းချ စိုက်ပျိုး ရာ အထွက်နှုန်းမှာ တစ်ဧကလျှင် ၈ တင်းနှုန်းထွက်ရှိပါကြောင်း၊ မြေတောက်ပဲတစ်တင်းလျှင် ၄ဝဝဝဝ ထိ ရောင်းချရပါကြောင်း၊ ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေးထားသဖြင့် တောင်သူများအနေ ဖြင့် စိုက်စရိတ်များအဆင်ပြေစွာ စိုက်ပျိုးနိုင်ကြကြောင်းနှင့် မြေတောက်ပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေသောကြောင့် မိသားစုများအပိုဝင်များရရှိပြီး စိုက်ပျိုးသူများအဆင်ပြေကြကြောင်း မြို့မ ရပ်ကွက်နေ တောင်သူဦးသန်းထွန်းထံမှ သိရသည်။
မျိုးမင်း(ပြန်/ဆက်)