ပင်းတယ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)မြို့ ပြည်သူ့စာကြည့်တိုက်သို့ ပင်းတယမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးထွန်းထွန်းနိုင်က သုတ/ရသ စာအုပ်များအား ဇန်နဝါရီ (၁၄) ရက်နေ့နေ့လည်က အဆိုပါရုံး၌ လာရောက် လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)မှ တာဝန်ခံအရာရှိမှလက်ခံရယူခဲ့သည်။
အဆိုပါ လာရောက်လှူဒါန်းသည့် စာအုပ်များမှာ မီးသတ်ဦးစီးဌာနထုတ်ဝေသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်သည့် အသိပညာပေးနည်းလမ်းများအား ပြည်သူများလေ့လာ ဖတ်ရှုမှတ်သားနိုင်ရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး၊ ယခုအချိန်တွင် ပင်းတယမြို့၊ ပြည်သူ့စာကြည့် တိုက်တွင်ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီစာအုပ်၊ စာပေများအား စာပေချစ်သူများအား ပြန်လည်ငှားရမ်းပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်( on line) ဝန်ဆောင်မှုများမှနေ၍ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်းနှင့် အသစ်ရောက်ရှိစာအုပ်များဖြင့် မိတ်ဆက်ပေးခြင်း၊ we love pindaya page မှတဆင့်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေ ကြောင်းသိရှိရသည်။
ပင်းတယ(ဒေသပြန်/ဆက်)