သံတွဲမြို့ အောက်နန်းချောင်းကျေးရွာရှိ မီးလောင်ပျက်စီးသွားသည့်နေအိမ်(၈)လုံးနှင့် အိမ်ထောင်စု(၈)စုရှိ လူဦးရေ(၃၄)ဦးအတွက် သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့လှူဒါန်း

သံတွဲ   ဇန်နဝါရီ    ၁၆

သံတွဲမြို့ အောက်နန်းချောင်းကျေးရွာရှိ မီးလောင်ပျက်စီးသွားသည့်နေအိမ်(၈)လုံးနှင့် အိမ်ထောင်စု (၈)စုရှိ လူဦးရေ(၃၄)ဦးအတွက် သံတွဲခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၄နာရီခွဲက အဆိုပါ မိသားစုများထံ သွားရောက် လှူဒါန်းခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် သံတွဲခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်(၈)လုံးအတွက် တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်တစ်သိန်းနှုန်းဖြင့် ရှစ်သိန်းကျပ် (၈၀၀၀၀ဝိ/-)နှင့် အိမ်ထောင်စု(၈)စုရှိ လူဦးရေ(၃၄)ဦးအတွက် ရိက္ခာ(၇)ရက်စာဖိုး (၇၁၄၀ဝိ/-) ကျပ်ခုနှစ်သောင်း တစ်ထောင်လေးရာတိတိ) အပြင် အိုးခွက်၊ ပန်းကန်၊ ခြင်ထောင်၊ အဝတ်အထည်၊ ကန်စတစ်စနှင့် ဆီဗူးများပါသည့် Family Kit တစ်လုံးစီတို့ကို ဒုတိယဦးစီးမှူး ဦးစိုးပိုင်နှင့် တာဝန်ရှိ သူများက ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မင်းနှင့်အတူ မီးဘေးသင့် အိမ်ထောင်စုများထံသို့ ထောက်ပံ့လှူဒါန်းခဲ့သည်။

ခရိုင်(ပြန်/ဆက်)