Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆီဆိုင်မြို့နယ်၌ အခမဲ့သင်ကြားသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများပညာပေး သင်တန်းဆင်းပွဲကျင်းပ
Jan 18,2022
အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း၌ မြို့နယ်အောက်ဆီဂျင် စက်ရုံသစ်ဖွင့်လှစ်
Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး အလို့ငှာ အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်၌ မြို့နယ်အောက်ဆီဂျင် စက်ရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac Phase-5 second Dose ဆက်လက်ထိုးနှံပေ…
Jan 18,2022
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ခေမာရာမ ကျိုင်းတုံကျောင်းတိုက်၌ ယနေ့နံနက် ၉း၃၀နာရီအချိန်မှ စတင်ကာ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac Phase-5second Dose ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေကို ဖတ်ရှုခြင်းဖြင့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ များက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေး
Jan 18,2022
သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနှင့်အဖွဲ့သည် မြစိမ်းရောင် ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သော သာပေါင်းမြို့နယ်၊ ဂွေးတောက်ချောင်း ကျေးရွာရှိကျေးရွာ ခန်းမတွင် ယမန်နေ့၊ နေ့လည်ပိုင်းအချိန်၌ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးမှု အခြေအနေအား သွားရောက် ကြီးကြပ် ဆောင်ရွက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ
Jan 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်၁၀နာရီက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22945
Page
22946
Page
22947
Page
22948
Current page
22949
Page
22950
Page
22951
Page
22952
Page
22953
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department