ပုံပါကျင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲ တွင် ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုံပါကျင်မြို့ နယ်မြေရဲစခန်းမှ ရဲအုပ်မောင်မောင်ဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအကြောင်းအရာများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချပါက ပြစ်မှုပြစ်ဒဏ်များစသည့်အချက်များအား ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)