ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး

ဒေးဒရဲ  ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာဗဟုသုတ များစွာရရှိမည့်စာအုပ်များ စုံလင်စွာ ငှားရမ်းပေးနိုင် ရေးဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၆) ဦးအား သုတ(၁၀)အုပ်၊ ရသ (၆) အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။  အဆိုပါ မိုဘိုင်းစနစ်ဖြင့်  စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့် လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)