Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် နေမှု အားသွားရောက်ကြည့်ရှု
Jan 19,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့နယ်သို့ရောက်ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တောင်ကုတ်မြို့နယ် ဦးစီးမှူးရုံးမှ ရန်ခေါ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကိုသွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ကစားကြမည့် U 23 လှေလှော်အသင်း၊ U 18 ပြေးခုန်ပစ် အသင်းနှင့် U 25 စက်ဘ…
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဧရာဝတီ တိုင်းဒေသကြီးမှ တိုင်းနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် သွားရောက်ပါဝင် ယှဥ်ပြိုင်ကြမည့် U 23 လှေလှော်အသင်း၊ U 18 ပြေးခုန်ပစ်အသင်းနှင့် U. 25 စက်ဘီးအားကစားသမားများအားအောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများအား ဂုဏ်ပြုပွဲကို ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည် ၂ နာရီတွင် ကျင်းပပါသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ မိသားစု တစ်ပိုင်တစ်နိုင် ကိုင်းမြေများ၌ ပဲတောင့်ရှည်မျိုးများ တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိ
Jan 19,2022
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ မိသားစုများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးများကိုသာ အဓိက အားထားလုပ်ကိုင်ကြကြောင်း သိရသည်။ ထို့ကြောင့် ယင်းတို့၏ကိုင်းမြေများ၌ တိရစ္ဆာန်မွေးမြူရေးအတွက်နှင့် စားသုံးရောင်းချရန်အတွက် ပဲတောင့်ရှည် မျိုးများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထားကြသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 19,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင် ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့် အညီ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် ခရိုင်၊ ဟိုပန်မြို့နယ်၊ လဝကဝန်ထမ်းများမှ မိန်းပန်လွယ် ရပ်ကွက်နှင့် ရုံးကုန်းရပ်ကွက်များ၌ ယမန်နေ့ နံနက်ပိုင်းက အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး ပျော်ဘွယ်မြို့နယ်တွင် အသိပေးနှိုးဆော်လျက်ရှိ
Jan 19,2022
ပျော်ဘွယ်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ(၁၉)ရက်၊ နံနက်(၉)နာရီခွဲက ဖက်တောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်
Jan 19,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းသိန်းမောင် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22942
Page
22943
Page
22944
Page
22945
Current page
22946
Page
22947
Page
22948
Page
22949
Page
22950
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department