Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ အားတွေ့ဆုံ
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင် နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ကြည့်ရှူစစ်ဆေး
Jan 19,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က ရေးမြို့နယ်၊ အနင်းကျေးရွာရှိ လမ်းခင်းကျောက် ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှူစီးပွားဘဝ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် ဒေသအကျိုးပြု လုပ်ငန်းများအား တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက် ဆောင်ရွက်
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ ရက်လုပ်ပူဇော်မည့် ဉာဏ်တော်(၂၄)ပေရှိ မဟာလာဘမုနိ နှီးဘုရား တည်ဆောက် ရန် လုပ်အားဒါနဖြင့် လာရောက် ကုသိုလ်ပြုကြသူများပြား
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၇) ရပ်ကွက်၊ မိုခမ်းရပ်ရှိ ဇေယျသုခကျောင်းတိုက်၌ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ယပ်လုပ်ပူဇော်မည့် ဉာဏ်တော် (၂၄)ပေအမြင့်ရှိ မဟာလာဘမုနိ နှီးဘုရား တည်ဆောက်ရက်လုပ်ရာတွင် မြို့နယ်အတွင်းမှ ဗုဒ္ဓဘာသာဝင် ပြည်သူအများအပြား လာရောက်၍ လုပ်အားဒါန ကုသိုလ်ပြုသူများ များပြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၉၅၇၃) ဧကရေပေးဝေနေသည့် မင်းရဲမြောင်းအား မြောင်းပုံစံကျ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်းအား မြောင်းပုံစံကျ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြုအလေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေး အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို (အခမဲ့) ဖွင့်လှစ် သင်ကြား
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှအခြေခံ မော်တော် ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို မုန်တိုင်ကျေးရွာတွင် အခမဲ့ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှစ်ခန်းတွဲလက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းဖွင့်ရာသီကာလအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်း က ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ၊ ကနီကျေးရွာ၊ ဆင်လူးကျေးရွာနှင့် လယ်မကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲများသို့ သွားရောက်ပြီး နှစ်ခန်းတွဲ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22941
Page
22942
Page
22943
Page
22944
Current page
22945
Page
22946
Page
22947
Page
22948
Page
22949
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department