အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန Community Centre တွင် မျက်နှာသစ်ဆပ်ပြာ ပြုလုပ်ခြင်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က Woman Club အဖွဲ့မှ အခမဲ့သင်ကြား ပေးခဲ့သည်။
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်း ညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ ဒေသခံ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိစေရေး အတွက် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်၊ ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီမှစတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ ချယ်ရီခန်းမဆောင်၌ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ သတ်မှတ် နေရာအသီးသီးတို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Jan 18,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းပြီး ကွင်းဆင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ ဒေါဖျာကျေးရွာအုပ်စု ကော့ဖလွတ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centreခန်းမတွင်ယမန်နေ့ညနေ (၃)နာရီက ကလေးများနှင့်ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အ-ထ-က‌(ရွှေသောင်ယံ)ရှိကျောင်းသား၊ကျောင်းသူလေးများမှလာ ရောက်ပြိုင် ယှဉ်ခဲ့ကြသည်။
Jan 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဖောင်းတောရေအား လျှပ်စစ်စီမံကိန်းအဆိုပြုလွှာတွင် ပါဝင်သောအချက်များအား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင် တူးဖော် ခြင်းစီမံကိန်း၊ စက်မှုဇုန် များဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့အတွက် ကွင်းဆင်း စိစစ်ရေးနှင့် စာချုပ်(မူကြမ်း) များ စိစစ်ရေးကော်မတီမှ စိစစ်သည့် အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။