သပိတ်ကျင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ ဒေသခံ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိစေရေး အတွက် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကြာညှပ်ကျေးရွာအုပ်စုအတွင်းရှိ ကြာညှပ်၊ မြင်သာ၊ ပုတီးဖြူ၊ ခရမ်း စပ်ကုန်း၊ ရွှေစကာ၊ ကိုးပင်၊ ဇင်းချောင်းကျေးရွာများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၃၂၀)ဦးအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကမှူး ဦးညီညီလွင်နှင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား မြို့နယ်လဝကဦးစီးမှူး ဦးမင်းသူရမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြည်သူ့ လက်ဝယ်သို့ အရောက်နေ့ချင်းပြီးရရှိအောင် စီမံဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူတစ်ဦးချင်းစီအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် လူဦးရေ(၉၂၂၉)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက် ပေးရန် လျာထားလျက်ရှိရာ ယနေ့အချိန်အထိ ဆောင်ရွက်ပြီးစီးသူ (၆၄၆၇)ဦးရှိပြီး ပြီးစီးမှု ရာခိုင်နှုန်း (၇၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးထားပြီဖြစ်ကြောင်း သိရှိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)