ရွှေသောင်ယံ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centreခန်းမတွင်ယမန်နေ့ညနေ (၃)နာရီက ကလေးများနှင့်ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အ-ထ-က(ရွှေသောင်ယံ)ရှိကျောင်းသား၊ကျောင်းသူလေးများမှလာ ရောက်ပြိုင် ယှဉ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်မှ ကလေးများအားပုံပြင်ပြောပြိုင်ပွဲကျင်းပပေးရခြင်းရည်ရွယ်ချက် နှင့်ယခုလို လူအများ ရှေ့တွင်ပုံပြင်ပြောခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပုံပြင်ပြောယှဉ်ပြိုင်ကြသည့်အထက(ရွှေသောင်ယံ)မှမူလတန်းနှင့်အလယ်တန်းမှကျောင်းသား၊ကျောင်းသူလေးများအားပြန်/ဆက်ဦးစီးမှူးမှဗလာစာအုပ်များလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုကိုမောင်