ပြင်ဦးလွင် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီမှစတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ ချယ်ရီခန်းမဆောင်၌ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ သတ်မှတ် နေရာအသီးသီးတို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပြင်ဉီးလွင်မြို့၊ ရပ်ကွက်ကြီး (၁)၊ ရပ်ကွက်ကြီး (၂ ၊ ရပ်ကွက်ကြီး (၃)၊ ရပ်ကွက်ကြီး (၄) ၊ ရပ်ကွက်ကြီး (၅) နှင့် ရပ်ကွက်ကြီး (၆) တို့ရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူမျာအား ကာကွယ်ဆေးထိုး စုရပ်များအဖြစ် သတ်မှတ်ပြီး အပူချိန် တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်းစသည့် ကျန်းမာရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများပူးပေါင်းကာ ကာကွယ်ဆေး (၁) လုံးလျှင် လူဦးရေ (၁၀) ဦးနှုန်းဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)