ပွင့်ဖြူ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် ပွင့်ဖြုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင် က မသန်စွမ်းသူများဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း က မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူများဖြစ်ကြောင်း၊ အတားအဆီး (၄)မျိုးဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအတားအဆီး၊ စိတ်ပိုင်းဆိုင်ရာအတားအဆီးများ၊ မူဝါဒပိုင်းဆိုင်ရာအတားအဆီးများနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ အတားအဆီးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး လူမူဝန်ထမ်း (၄) ဒေါ်ဇင်မာဦးက မသန်စွမ်း(၄)မျိုးမှာ အမြင်အာရုံချို့ယွင်းသူနှင့် မျက်မမြင်၊ အကြားအာရုံချို့ယွင်းသူနှင့် နားမကြား၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူတို့ဖြစ်ကြောင်း မသန်စွမ်းသူများဆိုင်ရာလုပ်ငန်းများ၊ မသန်စွမ်းသူများအား ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ခင်ဝါဝါလှိုင်