ပုသိမ် ဇန္နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွေဝါခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဧရာဝတီ တိုင်းဒေသကြီးမှ တိုင်းနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် သွားရောက်ပါဝင် ယှဥ်ပြိုင်ကြမည့် U 23 လှေလှော်အသင်း၊ U 18 ပြေးခုန်ပစ်အသင်းနှင့် U. 25 စက်ဘီးအားကစားသမားများအားအောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများအား ဂုဏ်ပြုပွဲကို ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည် ၂ နာရီတွင် ကျင်းပပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများနှင့် တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲတွင် သွားရောက်ယှဥ်ပြိုင်ကြမည့် အားစားသမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် အားကစားသမားများ၏ဘဝအာမခံချက် ရရှိရေးကို ထောက်ပံ့ပြုစုစောင့်ရှောက်ပေးရန်လမ်းညွှန်ချက်များနှင့်အညီ ယခုလိုအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း၊အားကစားသမားဟောင်းကြီးများအနေဖြင့် မိမိတို့ဖြတ်သန်းခဲ့ရသောအတွေ့ အကြုံများဖြင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေး လက်ဆင့်ကမ်း အမွေအနှစ်များ ဆက်လက်ဖော်ဆောင်သွားကြရန်၊ မျိုးဆက်သစ်အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုအတုယူကာ ကြိုးစားသွားကြရန်မှာကြားခဲ့ပါသည်။ ထို့နောက် အရှေ့တောင်အာရှနှင့်၊အာရှပြိုင်ပွဲများတွင် ဆုများအသီး သီးရရှိခဲ့ကြသေ ာအမျိုးသမီး အားကစားသမား ၁၂ ဦးတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြည်ကြည်ထွန်းမှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး၊ အာရှနှင့်အရှေ့ တောင်အာရှအဆင့်တွင် ဆုရရှိသည့်နိုင်ငံ့ဂုဏ်ဆောင် အမျိုးသားအားကစားသမား ၁၈ ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။
မြင့်ဟန်