အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အမာ ဇန်နဝါရီ     ၁၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လည် ()နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာ အောင်သင်း ရေးသားသည့် " ရည်မှန်းချက်နဲ့ပြဿနာအထွေထွေ" စာအုပ်ကို မြို့ဦးစီးမှူးနော်လေးလီယန်ကဖတ်ကြား‌ ဆွေးနွေးပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ( Book Club ) အဖွဲ့ဝင် စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေးနွေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်