မိုးနဲမြို့၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

မိုးနဲ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများသို့သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မိုးနဲအခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက ကျောင်းသား/ ကျောင်းသူ များအား အားကစားနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ကိုယ်လက်လှုပ်ရှား ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့ပြီး အားကစားဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်စ်ဘော ဘောလုံးများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေး ကလက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)