သီပေါ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများ အား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းရွှေမာက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ကျောင်းသား လူငယ် မောင်မယ်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးသည် ကျန်းမာရေးနှင့် စပ်လျဉ်းသည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် ပြန်လည် သက်ဝင် လှုပ်ရှားစေနိုင်ရန်၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင် တွင် လုပ်ငန်းစွမ်းပကား တိုးတက်စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်း စေ့ နေထိုင်သွားလာနိုင်စေရန် စသည့် အားကစားနှင့် သက်ဆိုင်သော အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ အား ကိုယ်လက်လှုပ်ရှား အားကစား fitness dance အကဖြင့် သရုပ်ပြ ကစားပြခဲ့ကြောင်း သိရ သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)