Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူကာကွယ် ရေးအသိပညာပေး Talk Show ဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း လိုက်လံအသိပေးနှိုးဆော်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ ဆက်လက်စစ်ဆေး
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jan 19,2022
ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက် ရှိသဖြင့် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေခြင်းကို လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှု ကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့ (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး၏ “လူငယ်တွေ စဉ်းစားဖို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ၁၈ နှစ်အထက် ပထမအကြိမ် ထိုးရန်သူများအား ဆက်လက်ထိုးနှံ
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် ၁၈ နှစ်အထက် ပထမအကြိမ် ထိုးရန် သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်(၆)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်များအခမဲ့ဌားရမ်းပေး
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းမျာက ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များကွင်းဆင်းဌားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22923
Page
22924
Page
22925
Page
22926
Current page
22927
Page
22928
Page
22929
Page
22930
Page
22931
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department