ရေကြည် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးဝန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အချိန်အခါမရွေး ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များထဲမှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည့်အတွက် ဖြစ်ပွားလာပါက မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် ယခုလိုဇာတ်တိုက်လေ့ကျင်ခြင်းများ ပြုလုပ်ရကြောင်း မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်က တပ်ဖွဲ့များအား ရှေးဦးစွာပြောကြားခဲ့သည်။
ထို့ပြင်ဇာတ်တိုက်လေ့ကျင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ငလျင်ဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးမှုများကိုဖယ်ရှားရှင်းလင်းခြင်း အဆောက်အအုံအတွင်းပိတ်မိနေသူများအားရှာဖွေကယ်ထုတ်ခြင်းများဆောင်ရွက်ကာဒဏ်ရာရရှိသူများအားတပ်ဖွဲ့ဝင်းများကရှေးဦးသူနာပြုစုနည်းများဖြင့်ဆေးရုံ ဆေးခန်းများသို့ပို့ဆောင်ခြင်းများကိုငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်တပ်ဖွဲ့ဝင်များအားဌာနမှရရှိသောရှာဖွေရေးသုံးပစ္စည်းများကိုင်တွယ်အသုံးပြုရာတွင်ကျွမ်းကျင်စွာအသုံးပြုတက်စေရန်အတွက်ယခုလိုစဉ်ဆက်မပြက်လေ့ကျင့်သင်ကြားဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။