အမြို့မြို့အနယ်နယ်သတင်းများ

Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်တွင်   မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သည့်စာဖတ်ပရိသတ် ပြည်သူများနှင့်ကျောင်း သား/ကျောင်းသူ  လူရွယ်လူငယ်များအတွက်   အသိပညာဗဟုသုတများရရှိ စေရန်နှင့် အချိန်ကို  အကျိုးရှိစွာအသုံးချတက်စေရန်   ရည်ရွယ်၍  Online မှတဆင့်   သုတ ၊ ရသ ၊ စာအုပ်စာစောင်  မိတ်ဆက်ခြင်းအစီစဉ်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း အစီအစဉ်များနှင့်  ဆေးရောင် ခြယ် အစီအစဉ်၊ အရုပ်ခေါက်/ပန်းအလှခေါက်အစီအစဉ်များကို ရိုက်ကူး၍ စဉ့်ကိုင်မြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook  Page မှတဆင့်နေ့စဉ်ထုတ်လွှင့်ဝန်ဆောင်မှု ပေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Jan 24,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်း က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေ ပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Centre ခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်း ကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Sputnik light) (ရုရှား) ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jan 24,2022
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုင်းရယ်မြို့နယ်ရှိ ကြံစိုက်တောင်သူများ အသိပညာပေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Center ခန်းမ၌ ပြုလုပ်သည်။