ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇန်နဝါရီ ၂၄

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲခူးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က နယ်လှည့် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးများတွက် Online မှတစ်ဆင့်ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် နယ်လှည့်ကွင်းဆင်းကာ စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များ ဌားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)