(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု၍ တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖလားကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီ ဇန်နဝါရိလ ၂၅

၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖလားကျေးရွာ ပေါင်းစုံချစ်ကြည်ရေး အမျိုးသား ဘောလုံး ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယမန်နေ့ ညနေ ၃နာရီ ၃၀ အချိန်မှစ၍  ရှမ်းအင်းတော်ကျေးရွာ အသင်းနှင့် တမုတ်ချုန်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းအင်းတော်ကျေးရွာအသင်းမှ တမုတ်ချုန်းကျေးရွာ အသင်းအား (၄ဂိုး-၁ဂိုး) ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရှိရသည်။

၎င်း နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် ဌာနဆိုင်ရာများ၊ တမုတ်ချုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဌေးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာများမှ ဒေသခံများ၊ အားကစားဝါသနာရှင်များက လက်ခုတ်လက်ဝါးတီး၍ ပျော်ပျော်ပါးပါး ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ညနေ ၅နာရီ ၃၀အချိန်တွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမဆုရ ရှမ်းအင်းတော်ကျေးရွာအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်က တစ်ဦးချင်းလည်ဆွဲဆု၊ ဒိုင်းဆုနှင့်ငွေသားဆု (တစ်သိန်း) ကျပ်ကိုလည်းကောင်း၊ ဒုတိယဆုရ တမုတ်ချုန်းကျေး ရွာအသင်းအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး မှ တစ်ဦးချင်းလည်ဆွဲဆု နှင့်ဆုငွေ(၇၀၀၀၀)ကျပ် ကိုလည်းကောင်း၊ တတိယဆုရ ရေဖြူကျေးရွာအသင်းအား တမုတ် ချုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးက တစ်ဦးချင်းလည်ဆွဲဆုနှင့် ဆုငွေ (၅၀၀၀၀) ကျပ် ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးကြပြီး  ဆုရကျေးရွာဘောလုံးအသင်းများအား အမှတ်တရ ဓာတ်ပုံရိုက်ကြကြောင်း သိရှိရသည်။

၎င်း အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရေဖြူကျေးရွာအသင်း၊ ရှမ်းအင်းတော်ရွာအသင်း၊ မြန်မာ အင်းတော်ရွာအသင်း၊ ကမ္မလိုင်းရွာအသင်း၊ တမုတ်ချုန်းရွာအသင်းနှင့် ကျောက်မီးကျောင်းရွာအသင်း စသည့် အသင်း(၆) သင်းတို့က ဇန်နဝါရီလ(၁၃)ရက်နေ့မှ စတင်၍ နေ့စဉ် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။

နန်းသာရီ-ထိန်ဝင်း