တနင်္သာရီ ဇန်နဝါရီလ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင် ကြစို့”ဆောင်ပုဒ်နှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု ၊ရေဖြူကျေးရွာ-ဘက်စုံသုံး ခန်းမဆောင်အတွင်း ဇန်နဝါရီလ၂၁ ရက်မှ ၂၃ ရက်အထိ (၃) ရက်တိတိ ကွင်းဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။
သို့ဖြစ်၍ ဇန်နဝါရီလ(၂၁)ရက်မှ (၂၃)ရက်အထိ (၃)ရက်တာအတွင်း နိုင် ၃(က) (၄၄)ဦး၊ နိုင် ၆(က) (၇၆)ဦး၊ လှဲလှယ်(၂၅)ဦး၊ မိတ္တူ(၃၇)ဦး၊ စုစုပေါင်း(၁၈၂)ဦးနှင့် အိမ်ထောင်စု(၁၆၁)စုတို့ကိုပြီးစီးအောင် ကွင်းဆင်းပြုလုပ် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် စီမံချက်ကာလအတွင်း သတ်မှတ် ရက်များအတိုင်း ကျန်ကျေးရွာအုပ်စုများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(လဝက)ရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း