မိုင်းယောင်း ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက သေဒခံပြည်သူ ၉၉ ဦး လာရောက်ထိုးနှံကြောင်း သိရသည်။
မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံ၌ ဆဋ္ဌမအသုတ် ပထမကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ကို ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် တာဝန်ရှိသူများက ကြည့်ရှုပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းပန်(ပြန်/ဆက်)