Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့ကရိတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မွန်လှိုင်ကျေးရွာရှိ (မူ/လွန်)ကျောင်း အမိုးများ ပျက်စီး
Jan 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ခရစ်ကျောက်တန်းအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းဆောင် အလျားပေ (၁၃၀)၊ အနံ ပေ (၃၀)ရှိ အဆောက်အဦ၏ အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို
Jan 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဒိုင်းဆုကြီးရရှိလာသော ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သာသနာ့ ဗိမာန်တော်ကြီးရှေ့၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မသန်စွမ်းအဖွဲ့တို့ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၉:၀၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် သမိန်ဗရမ်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်
Jan 26,2022
ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ သမိန်ဗရမ်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းကို ဇန်နဝါရီလ ဒုတိယပတ် က စတင်ကာ ကြယ်စင်ထွဋ် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ် Phase -6 ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျွဲသောင်အုပ်စု အ.ထ.ကကျွဲသောင်ကျောင်း ဆေးထိုးစုရပ်တွင် ကျောင်းသား၊ ကျောင်းသူများအား Phase-6 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၉နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် အသိ…
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များအား ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ် လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အား မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်
Jan 26,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေး
Jan 26,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ရုရှားနိုင်ငံထုတ် (Sputink Vaccine) ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များမှ လှည့်လည် ကြည့်ရှုစစ်ဆေး ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အားပေးစကား ပြောကြားကာ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22866
Page
22867
Page
22868
Page
22869
Current page
22870
Page
22871
Page
22872
Page
22873
Page
22874
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department