အင်္ဂပူမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ် Phase -6 ဆက်လက်ထိုးနှံပေးလျက်ရှိ 

အင်္ဂပူ  ဇန်နဝါရီ ၂၆ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျွဲသောင်အုပ်စု အ.ထ.ကကျွဲသောင်ကျောင်း ဆေးထိုးစုရပ်တွင် ကျောင်းသား၊ ကျောင်းသူများအား Phase-6 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၉နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ကာကွယ်ဆေးထိုးနှံရာတွင်တစ်ကြိမ်တစ်ခါမျှကာကွယ်ဆေးမထိုးရသေးသည့်သူများအား Phase-6 ( ပထမ အကြိမ် )အဖြစ် ကျောင်းသား၊ကျောင်းသူများအားကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာကျား(၈)ဦး၊မ(၁၀)ဦးစုစုပေါင်း(၁၈)ဦးအားထိုးနှံပြီးစီးကြောင်းနှင့်ကျန်းမာရေး ဝန်ထမ်းများမှကာကွယ်ဆေးလာရောက်ထိုးနှံသူများကိုအပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်း၊ဆေးထိုး​ပြီးပါကဓာတ်မတည့်ခြင်းဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့ဆောင့်ကြပ်ဆောင်ရွက်ပေးပြီးကိုဗစ်-၁၉ကာကွယ်‌ရေးနည်းလမ်းများနှင့်အညီကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျန်းမာရေးဝန်ထမ်းများမှပူးပေါင်းပြီးပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှသိရသည်။ 

မြို့နယ်