အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပထမဦး ဆုံး ရေဂါလံတစ်သိန်းဆံ့ ရေစုကန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ (၂၁-၁၁-၂၀၂၁)ရက်နေ့က စတင်၍ ရန်ကုန် မြို့တော်ခန်းမအတွင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 26,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ ) ကျောင်း၀င်းအတွင်း တွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၁၃ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase6)ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၂၂၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Jan 26,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယနေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည် အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
Jan 26,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် စီမံ၊ ဘဏ္ဍာ၊ သင်တန်း၊ စာပေးစာယူ၊ အင်ဂျင်နီယာ ဌာနနှင့် စာကြည့်တိုက် တို့မှ အမှုထမ်းများအား မိမိတို့၏လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်း ဆောင်နိုင်ရန် မွန်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက အဆိုပါတက္ကသိုလ်ရှိ Theatre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ စီစဉ်မှုဖြင့် ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက် (၈)နာရီ အချိန်က အမှတ်(၈)ရပ်ကွက်၊ ဘူတာရုံလမ်းတွင် Mobile​စျေးကား များဖြင့် ​စားသုံးကုန်များ လာ​​ရောက်ရောင်းချ​ပေးလျက်ရှိသည်။
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့ နံနက်(၉) နာရီအချိန်ကစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး  Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်​နေ့​ နံနက ်၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂) လသာကျောင်းဝင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
Jan 26,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ်တွင်း ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့တွင် သံတွဲမြို့ ငပလီဂေါက်ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။