ချောင်းဆုံ ဇန်နဝါရီ ၂၆
ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ သမိန်ဗရမ်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းကို ဇန်နဝါရီလ ဒုတိယပတ် က စတင်ကာ ကြယ်စင်ထွဋ် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ၂၀၂၁-၂၀၂၂ခု (၆)လဘဏ္ဏာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၄.၇၇၀) သန်းဖြင့် အလျား (၁၄၃၀)ပေ၊ အမြင့်(၃)ပေ၊ အကျယ်(၁၈)ပေဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းကို ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)