Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်တုန်းမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီလက်လီရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စားအုန်းဆီများအပေါ် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချရန် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်း(ယာယီ)၏ အစီအစဉ်ဖြင့် စားသုံးဆီလက်လီရောင်းချနေမှုအား စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး
Jan 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ချောင်းရေသွင်းစနစ်ဖြင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးနေလျက်ရှိ
Jan 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အတွင်းရှိ သမ္ဘာန်ကျေးရွာ၌ လှိုင်ချောင်းရေကို အသုံးပြု၍ တောင်သူများက စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်များကိုမိသားစု တနိုင်တပိုင်စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ဗီဇပြောင်း အိုမီခရွန်(Omicron) ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေး ရှမ်းဘာသာဖြင့် အသိပညာပေးနှိုးဆော်
Jan 26,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ရှမ်းဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်
Jan 26,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ပုလဲရွှေရည်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 26,2022
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအထက် တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိ
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်ဆေးဆောင်ရွက်
Jan 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက် (၉) နာရီက၊ ရွှေပေါက်ကံတံတားထိပ်တွင် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22863
Page
22864
Page
22865
Page
22866
Current page
22867
Page
22868
Page
22869
Page
22870
Page
22871
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department