အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဌမအသုတ်(ပထမကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 25,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများဖွင့်ပွဲသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
Jan 25,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ လွှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီခန့်က ရွှေကူမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲအား ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေ ရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jan 25,2022
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သက်ဆိုင်ရာအဖွဲ့ များဖြင့် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။