ရန်ကုန် ဇန်ဝါရီ ၂၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ရုရှားနိုင်ငံထုတ် (Sputink Vaccine) ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များမှ လှည့်လည် ကြည့်ရှုစစ်ဆေး ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အားပေးစကား ပြောကြားကာ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း အမှတ်(၁၆)ရပ်ကွက်ရှိ မြို့ဦးစေတီ၊ (၃၈) ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင် ကာကွယ်ဆေးထိုးနှံရန် စုရပ်သတ်မှတ် ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို (၆၇၆) ဦးနှင့် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူများအား ထိုးနှံပေးသည့် Sputink Vaccine ကာကွယ်ဆေးအား (၄၅၅)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရပဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)