ကော့ကရိတ် ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ခရစ်ကျောက်တန်းအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းဆောင် အလျားပေ (၁၃၀)၊ အနံ ပေ (၃၀)ရှိ အဆောက်အဦ၏ အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါ ကျောင်းအဆောက်အဦ၏ အမိုးများ ၄ ပုံ ၁ ပုံခန့် ပျက်စီးခဲ့ပြီး (၈)ပေ အမိုးသွပ်အချပ် (၈၀)မှာ ပျက်စီးဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၈)သိန်းခန့်ရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)