လသာမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

လသာ ဇန်နဝါရီ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မန်​နေ့​ နံနက ်၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂) လသာကျောင်းင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး​ဒေါက်တာ မျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာ​ရောက်သူများအား ကိုယ်အပူချိန် တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန်တိုင်းတာ​ပေးခြင်း၊ ကျန်းမာ​ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံသူ ကျား(၁၀))ဦး၊ (၁၂)ဦး၊ စုစု​​ပေါင်း (၂၂)ဦးတို့ကို ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)